Thursday 27 November 2008

Password = ဘဝ



Password ဆိုတာဘယ်လောက်အရေးပါပါသလဲ??? သင့်ကိုသင်ဖြေကြည့်ပါ... ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ Password က သိပ်အရေးမပါဘူးပေါ့ ...ဘာလို့လဲဆိုတော့ e-money စနစ်မှမရှိသေးတာ... အဲ နိုင်ငံခြားမှာဆိုရင်တော့ Password ကအသက်ပဲ... ဒီတော့ဒီလောက်အရေးကြီးတဲ့ Password ကိုဘယ်လိုထိန်းသိမ်းကြမလဲ???

(၁) Password များကို စာရွက်စာတမ်းတွေအတွင်းရေးမထားပါနှင့် (၂)သူတစ်ပါးရှေ့မှာ မိမိ Password ကိုဘယ်တော့မှ မရိုက်မိပါစေနှင့် (၃)ဘယ်သူကိုမှမပြောပြပါနှင့် (၄)အဖွဲ့အစည်းတစ်ခု၏ Password ဖြစ်ပါက Password ကို Phone မှတဆင့်သော်လည်းကောင်း ၊ စာရေးရွေ့သော်လည်းကောင်းမပြောပါနှင့် လူချင်းတွေ့မှပြောပါ ...ဟု စာအုပ်တစ်အုပ်ထဲမှာကျွန်တော်ဖတ်ရပါတယ်... ဟုတ်ပါတယ်... နောက်ပြီး Password ကို ဘယ်တော့မှ မှတ်ရလွယ်ကူသော စကားလုံးများ မပေးပါနှင့် ၊ အဘိဓာန်အတွင်းမှစကားလုံးများကိုလဲ မပေးပါနှင့် ၊ မိမိ Phone No ၊ NRC No ၊ မိမိ အမှတ်တရများကိုလဲ Password အဖြစ်ဘယ်တော့မှ မပေးပါနှင့် (မိမိ နဲ့အနေနီးစပ်တဲ့သူတွေကတော့မိမိအကြောင်းသိမှာပဲလေ)။ ဒါဆိုဘယ်လိုစာလုံးတွေကို Password အဖြစ်ပေးရမလဲ??? (၁) မိမိလည်းမှတ်မိရမယ် ရှုပ်လည်းရှုပ်ထွေးရမဲ့ စကားလုံးတွေကိုပေးပါ ... ဥပမာ မိမိက မိမိနာမည်ကို Password ပေးချင်တယ် ... name က Maung Mya ဆိုရင် Mmayung လို့ပေးလိုက်လျှင်ရပါတယ်... ဒါပေမဲ့ စိတ်မချရပါဘူး... ဒီတော့စိတ်ချရအောင်ဘယ်လိုလုပ်မလဲ ... အဲဒီစာလုံးတွေကြားမှ Number တွေထဲ့လိုက်ပါ... ဥပမာ မိမိ Phone No က 80205 ဆိုပါဆို့ ... ဒီလိုဆိုရင် Password ကြားထဲ Number တွေထဲ့မယ်... ကဲ M8m0a2y0u5ng ကဲဒါဆို ပြီးပြီ မိမိကိုယ်တိုင်တော့မှတ်ရလွယ်သွားပြီ.. ခိုင်လုံမယ်လို့ထင်ပါတယ်... (၂) Password ကို အချိန်မှန်ပြောင်းပေးပါ ၁ လ တစ်ကြိမ် ၂ လ တစ်ချိန်လောက်ဖြစ်ဖြစ် ။ အကယ် ရွေ့ Password အခိုးခံရပြီဆိုရင်တော့ (၁) အဆက်အသွယ်အားလုံးကို (သူငယ်ချင်းများ၊ Company ၊ ဘဏ်) အကြောင်းကြားပါ ၊ (၂) အရေးကြီးသော Password ဖြစ်ပါက သက်ဆိုင်ရာကိုအကြောင်းကြားထားပါ ။ ဒီတော့ Password ကို ကျွန်တော်တို့ ထိန်းသိမ်းကြရအောင်။